ကျွနု်ပ်နဲ့ ဗေဒင်

လူတော်တော်များများ လာမေးကြတာက ဗေဒင် ယုံသလားဆိုတာပဲ.. အခက်သားလား ဗေဒင် ယုံတယ် မယုံဖူးဆိုတာထက် ကိုယ့် အနေနဲ့တော့ ပုံမှန်အားဖြင့် အနာဂတ်ကိုလည်း ကြိုမသိချင်သလို အတိတ်မှာလည်း မနေချင်တာ အမှန်ပဲ

ကံတရား

ကိုယ်တိုင် ရွေးချယ်ခွင့်မရှိပဲ သူ့အလိုလို ကိုယ့်ကျမှ လာဖြစ်လာတဲ့ တိုက်ဆိုင်မှုတွေကို ခပ်လွယ်လွယ်ကံလို့ ခေါ်ပြီး ထိန်းချုပ် ရွေးချယ်ပိုင်ခွင့်မရှိတဲ့အတွက် အဲ့ဒီ့လို အခြေအနေတွေမှာ ကိုယ် လုပ်ချင်တာလေးတွေ ဖြစ်ချင်တာလေးတွေကို လုပ်ပိုင့်ခွင့် ရှိတဲ့အတွင်းလေးထဲက ဘယ်လို ဖြစ်အောင်လုပ်ရမယ်ဆိုတာပဲ တွေးလေ့ရှိတယ် ။ ဘာကြောင့် ကိုယ့်ကျမှ ကံဆိုးသလဲ ဆိုပြီးလည်း သိပ်ထွေထူးပြီး တွေးမနေဘူး ။ အော် ဒါ တိုက်ဆိုင်မှုပဲ ကံတရားလို့ပဲ သဘောထား ဖြစ်တာ ကြာပေါ့

ဗေဒင်

ကိုယ့် အနေနဲ့ ဗေဒင်နဲ့ ပတ်သတ်ပြီး မယုံဘူးလို့ ပြောရခက်သလို ယုံတယ်လို့လည်း ပြောရခက်တယ် ။ ကိုယ့်ကို ဗေဒင် ဟောပေးတဲ့လူတော်တော်များများကတော့ တစ်ထပ်ထဲပဲ ဟောလေ့ရှိတယ် ။ အဲ့ဒီ့ထဲက မှတ်မိတာ တစ်ခု နှစ်ခု ပြောပြမယ် ။ Continue reading ကျွနု်ပ်နဲ့ ဗေဒင်

ကျွနု်ပ် နှင့် မဟာ သင်္ကြန်

ကိုယ့်ရဲ့ သင်္ကြန် အမှတ်တရနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင်တော့ အပိုင်း သုံးပိုင်း အရွယ် အလိုက် ခွဲပြောရမယ် ထင်တယ် ။ အသက် ၆၀ အရွယ် အဖိုးကြီး တစ်ဦးအတွက် အသက် ၄၀ ဆိုတာ ငယ်ငယ်တုန်းကလို ပြောလို့ရမှာ ဖြစ်ပေမယ့် ၂၂ နှစ်သား အတွက်ကတော့ လေးငါးဆယ် နှစ် အရွယ်ကို ငယ်ငယ်တုန်းကလို ပြောရမှာပေါ့ 😀

ကိုယ် ဘယ်အရွယ်ပဲ ရောက်ရောက် တူညီတာ တစ်ခုကတော့ ခုထိ မလည်ဘူးတာနဲ့ မဏ္ဍပ် မထိုင်ဘူးတာပဲ ဖြစ်ပါတယ် ။ သင်္ကြန် အရသာကို မခံစားဖူးဘူးပဲ ဆိုကြပါစို့ အဲ မခံစားဘူးထက် မကြိုက်ဘူးလို့ ဆိုရမယ် ။ အဲ တကူးတကလည်း ငါ သင်္ကြန်မလည်ဖူးဘူး လိမ္မာတဲ့ ကောင်ကွလို့ မတွေးဖူးဘူး ။ ငယ်ငယ်တုန်းကဆို ဘာရယ် မဟုတ်ဘူး ( ကိုးတန်း ဆယ်တန်းတုန်းက ) ကိုယ်က သိပ်လည်ချင်တာ ကိုယ့် သူငယ်ချင်းတွေ လည်ကြတာကိုး ။ အိမ်ကမှ ခွင့်မပြုတာ :3 ခုကျမှ ငါ က သင်္ကြန်ဆို ရိပ်သာ သွားရတဲ့ကောင်ကွဆိုပြီး လူကြားကောင်းအောင် မဟစ်ချင်ဘူး ။

တော်တော် ငယ်ငယ်တုန်းက

တကယ်တော့ လုံးဝ သင်္ကြန်မလည်ဖူးတာတော့ မဟုတ်ဘူးရယ် ကိုယ် ၄ ၅ နှစ် မေမေ ၂၈ ၂၉ တုန်းကတော့ မေမေ့ သူငယ်ချင်းတွေခေါ်လို့ ကိုယ်က ပေါက်စန လေးနဲ့ ပါသွားဖူးတယ် ။ မေမေလည်း ငယ်သေးတော့ ပျော်ချင် ပါးချင်စိတ်ကလေး ရှိခဲ့လို့ ဖြစ်ပါလိမ့်မယ် ။ ကိုယ်ကတော့ အဲ့ဒီ့ အရွယ်နဲ့ ဘာမှတ်မိမလဲ ကားပေါ် တပတ်နဲ့ မာမီ မိုးပေးထားတာရယ် ည နက်နက် ပြန်လာတဲ့ အခါ ချမ်းတာရယ် နှစ်ခုပဲ မှတ်မိတော့တယ် ။ Continue reading ကျွနု်ပ် နှင့် မဟာ သင်္ကြန်

ကျွနု်ပ်နှင့် မိမိ ကိုယ်ကို ငြိမ်းချမ်းခြင်း

ဒီ့ထက် ငယ်တုန်းကလည်း တခုခုဆို စိတ်ဆတ် လက်မြန်ခြေမြန်ရှိ အသက်လေး ၁၈ ၁၉ ရောက်လာပြန်တော့လည်း အကြီးအကြီး မှန်းမသိ အငယ်အငယ်မှန်းမသိ မှန်တယ်ထင်ရာ ထထ ပြောတတ်တဲ့ ဒေါသကုမ္မာက ဒီ လို စာမျိုးကို ရေးတော့ လူတွေအတွက်တော့ မတန်မရာကွာလို့ တွေးကြကောင်းတွေးကြနေပါ့လိမ့်မယ် ။

ဒါပေမယ့် ဖွားဖွားမရှိတော့တဲ့ နောက်ပိုင်း အပြောင်းအလဲတွေ ၊ ကိစ္စရပ်တွေက ထင်တာထက် ပိုရှုပ်လာပြီး ထင်တာထက် ပိုဆိုးလာတာတွေကို တပြိုင်ထဲ ကြုံလိုက်ရတော့ စိတ်ထဲမှာ ဆောက်တည်ရာမရပဲ တော်တော်တုန်လှုပ်သွားတယ် ။ တချို့ အကြောင်းအရာတွေဟာ ကိုယ်တိုင် ဘာမှ သွားပြီး ဖြေရှင်းလို့မရပဲ အချိန်တစ်ခုကို စောင့်နေရတာမျိုးတွေ ရှိပါတယ် ။ ဒီအချိန်မှာ အဖြေရောက်မလာမချင်း လူဟာ အင်မတန် တုန်လှုပ်ပါတယ် ။ ဥပမာ အသဲကွဲပြီး မကျပ်သေးတဲ့ ကာလလိုမျိုးပေါ့ ကိုယ်ကတော့ အသဲကွဲတာမဟုတ်ပါဘူး မိသားစု ကိစ္စ ၊ ကျန်းမာရေး ၊ လူမှုရေး ၊ အလုပ် လေးခုလုံး စုံသွားတဲ့ အခြေအနေပါ ။

ဒီအချိန်မှာ အပေါင်းအသင်း ကောင်းကောင်း မရှိ လူတစ်ဦးတစ်ယောက်ကို ယုံကြည်ပြီး ဖွင့်ပြောတတ်လေ့မရှိတဲ့ ကိုယ့်အတွက် ကိုယ့် ငြိ်မ်းချမ်းရေးကို ကိုယ်တိုင် ရှာဖွေဖို့ ဖြစ်လာခဲ့တယ် ။

ငြိမ်းချမ်းမှု ရှာဖွေတယ်ဆိုပြီး ကြီးကြီးကျယ်ကျယ် သူများတွေကို ဆရာ လုပ်တာမဟုတ်ပေမယ့် အကယ်၍များ နောက် ၅ နှစ်နေလို့ ဘလော့လေး ဆက်ရှိနေသေးရင် အော် နောက် ငါးနှစ်က ငါ ဖိအားတွေကို ဒီလို ဖြေရှင်းခဲ့တာပါလား ငါ ဘာမှားနေတယ် မှန်နေတယ်ဆိုတဲ့ သဘောလေးနဲ့ ဒိုင်ယာရီ ဆန်ဆန် ရေးတာပါပဲ ။

မီး ကို ဓာတ်ဆီနဲ့ လောင်းခြင်း

[ Photo Credit : http://farm5.staticflickr.com/4133/5043419455_30bb0c77ab_z.jpg ]

ပထမဆုံး ကြိုးစားမိတာကတော့ စိတ်ညစ်တိုင်း ဆေးလိပ်သောက်တဲ့ အရင်က အကျင့် ပြန်ပေါ်လာပြီး တစ်ထိုင်ထဲကို ခြောက်လိပ်လောက် ကုန်တဲ့ အဆင့်ထိ ဖြစ်လာတယ် ။ အရင်က တစ်နေ့ တစ်ဘူး တစ်ဘူးခွဲဆိုတော့ အရင်လိုသာ တစ်နေကုန် ဆေးလိပ်ဘူး ကိုင်တဲ့ အဆင့်ဆို အရင် စံချိန်ထက်တော့ နည်းမယ်မထင်ဘူး ။ ဒါပေမယ့် ကိုယ် ဖြစ်နေတာတွေကို မေမေလည်း မသိစေချင် ကိုယ်တိုင် ယိုင်လဲပြနေရင် သူ ဘယ်လိုများနေမလဲ ဆိုတဲ့ စိတ်နဲ့ လက်ဖက်ရည်ဆိုင် သွားသွားသောက်ရတော့ နည်းနည်းတော့ သောက်နှုန်းလျော့တယ်လို့ ပြောရမယ် ။ Continue reading ကျွနု်ပ်နှင့် မိမိ ကိုယ်ကို ငြိမ်းချမ်းခြင်း

သို့သော်…ဦးကားမညွှတ်

ကျွန်မတို့က ခွင့်လွှတ်တယ် ခွင့်မလွှတ်ဖူးပြောရအောင် ဘယ်လောက်များ ကြီးကျယ် မြင့်မြတ်နေလို့လဲ ? ( ဒေါ်အောင်ဆန်းစုကြည် )

ဒေါ်အောင်ဆန်းစုကြည်ကို အရင် စစ်အစိုးရ လက်ထပ်က လုပ်ခဲ့တဲ့ အရာအတွက် သူတို့ကို ဒီလိုပဲ လွှတ်ထားမှာလားလို့ အင်တာဗျူး တစ်ခုမှာ လူတစ်ယောက်က ထမေးတော့ သူ ဖြေတဲ့ အထဲက ဒီ စကားကို ကြားလိုက်တော့ ကိုယ် စ မြင်လိုက်တာ Invictus ဆိုတဲ့ ဇာတ်ကားပဲ ။

Invictus ကို ကဗျာ က စသိတာလို့ ဆိုရမယ် ။ ငယ်ငယ်က ဗိုလ်ချုပ် အောင်ဆန်း ဘာသာပြန်တဲ့ ကဗျာလို့ သိရပြီး နောက်ပိုင်းမှ ဦးညိုမြနဲ့ မင်းသုဝဏ် ပြန်တာဆိုပြီး အထောက် အထားနဲ့ ပြထားတာလည်း မြင်ဖူးသွားတယ် ။ ဘယ်သူ ပြန်ပြန် အဲ့ဒီ့ ကဗျာထဲက

ငါ့အား ဖုံးလွှမ်းထားသော
လကွယ် သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍
အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏

ဆိုတဲ့ စာသားကို သိပ်သဘောကျလို့ အထပ်ထပ် ဖတ်ရင်း အလွတ်တောင်ရနေပြီ Continue reading သို့သော်…ဦးကားမညွှတ်